ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ
အသားအရေထိန်းသိမ်းမှုက လှပမှုအတွက်အရေးပါတဲ့အချက်တစ်ခုပါ။ အသားဖြူဝင်းလှပနေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာအမှန်ပါပဲ။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ရွေးချယ်မိဖို့လိုပါတယ်။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုလုပ်ဖို့ဆိုရင် အဓိကအကျဆုံးက ကိုယ်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲဆိုတာကို သိဖို့ပါပဲ။ အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေက ကွဲပြားပါတယ်။ အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့ ခြောက်သွေ့တဲ့အသားအရေ အဆီပြန်တဲ့ အသားအရေ ပုံမှန်အသားအရေ တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့ ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။ မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။ မျက်နှာကို ညင်ညင်သာသာသစ်ပြီးရေခြ...